လူတွေမသိတဲ့ဧည့်ခန်း အကြောင်း
ဒီလိုပဲတိုးဝှေ့သွားကြတယ်
ဒီလိုပဲဖြတ်သန်းသွားကြတယ်
ဒီလိုပဲပြီးဆုံးသွားကြတယ်
အရာရာဟာ ဒီလိုနဲ့……….။
ပြည်ဖုံးကားလေးတချက်ချဗျာ
အပျော်နဲ ့ပြီးခဲ့ပေမယ့်
ဇာတ်ခုံနောက်မှာ
မျက်ရည်နဲ့ စကား
သက်ဝင်လှုပ်ရှားလို့ ဆက်လက်ကပြနေတယ်။……
ဘယ်…ပ…ရိ…..သတ်…..က…..သိ…..လဲ………………။
ဟော…လုပ်ကြပြန်ပြီ..
ချစ်ကြတယ်တဲ့…မုန်းကြတယ်တဲ့
ကစားကြတယ်တဲ့… ရှုံးကြတယ်တဲ့…..
တောက် ခေါက်ကြတယ်……..
ပြီးတော့…
အူလှိုက်သည်းလှိုက်ရယ်ကြပြန်ရော…….
နောက်ကွယ်မှာ…
စိတ်အာဟာရနဲ့သေရာပါဓါးချက်…
ရင်ဘတ်ကိုမှ နစ်စူးခဲ့တာ..ကိုယ်တိုင်ကလွဲလို့..
ဘယ်….သူ……က……….များ………နာ……..ကျဥ်း………မိ……လဲ……………။
ကိုယ်ကိုတိုင်ပဲဒီနေရာမှာရှိနေတယ်…
မှန်ထဲမြင်နေရတဲ့သတ္တဝါကိုတောင်..
မင်းဘာလို ့လာဖြစ်တည်နေရတာလဲ….လို ့မေးမိရဲ့….။
ကိုယ့်ကိုကိုယ်တောင် သိသလိုနဲ ့မသိတဲ့အခါ….
ဘယ်သူမှနားလည်အောင် မကြိုးစားချင်တော့……..။
ကြိုနေရာ ခန်းဆောင်တခုက
ဒီလိုပဲတိုးဝှေ့ခံလိုက်ရတယ်…..။
ဒီလိုပဲဖြတ်သန်းသွားပြန်တယ်……။
ဒီလိုပဲ……
အရာရာဟာ …ဒီလိုပဲ……..။
တိတ်တိတ်ဆိတ်ဆိတ်……….
ပြီးဆုံးလို ့……..
အဲ့ဒီတရက်ကို
မျက်ရည်တွေနဲ့……
ခင်း…….ကျင်း……ခဲ့…………တယ်………………။

